Slideshow Image 2

မပခ မှ ငြိမ်းချမ်းရေးတာဝန်ထမ်းဆောင်လျက်ရှိသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့်လိပ်စာများတောင်းခံ

ကချင်ပြည်အခြေစိုက် ဗမာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ ဧပရယ်လ (၁၇) ရက်နေ့ ညနေပိုင်း (၃:၀၀) နာရီအချိန်တွင် (PCG) ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များကိုခေါ်ယူကာ ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့ (TAT),  ကေအိုင်အိုပဋိပက္ခညှိနှိုင်းဖြေရှင်း ရေးအဖွဲ့ (CRT) တို့တွင် အသီးသီးတာဝန် ထမ်းဆောင်နေသောသူများ၏ အမည်စာရင်း, တည်းခိုနေထိုင်ရာလိပ်စာများကို တောင်းခံခိုင်းကြောင်း သိရှိရပါသည်။ ယခုရက်ပိုင်းအတွင်း ကေအိုင်အိုအစိုးရ ဌာနချုပ်ဖြစ်သော လိုင်ဇာ အနီးတစ်ဝိုက်တွင် ကေအိုင်အေမျိုးချစ်ရဲဘ်ေများနှင့် ဗမာစစ်တပ်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရာ ဗမာစစ်တပ်မှ ယခုကဲ့သို့ ကေအိုင်အိုအစိုးရ ငြိမ်းချမ်းရေး တာဝန်ထမ်းဆောင်နေသူများ၏ အမည်စာရင်းနှင် လိပ်စာများကိုတောင်းခံလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment