Slideshow Image 2

ကေအိုင်အေတပ်ရင်း (၉) ဒေသတွင် တိုက်ပွဲပြင်းထန်

ကေအိုင်အိုအစိုးရ ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၉) ဒေသဖြစ်သော ထန်ဖာဘွမ် ဘက် ဗမာစစ်အစိုးရ၏ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ၀င်ရောက် ထိုးစစ်ဆင်လာသောကြောင့် အောက်တိုဘာ (၆) ရက် ညနေပိုင်း (၅း၀၀) နာရီအချိန်ခန့်မစ၍ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲများ ရပ်နာခြင်းမရှိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ဗမာအစိုးရသည် ခိုင်မာပြီး အာမခံချက်မရှိသော အင်စီအေ လက်မှတ်ရေးထိုးရန် ငြင်းဆန်သော ကေအိုင်အိုအစိုးရ အုပ်ချုပ်ရာဒေသများသို့ စစ်အင်းအား အလုံးအရင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ် ဒေသတအသီးသီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment