Slideshow Image 2

အံ့သြတယ် ကချင်တွေ

အံ့သြတယ် အံ့သြတယ် ကချင်တွေ
ဒီလောက်ရိုင်းစိုင်းယုတ်မာစွာ သက်ဖြတ်ခံခဲ့ရတာတောင် ကချင်တွေ၊ ဒေါသထွက၊်
ပေါက်ကွဲ၊ လမ်းပေါ်ထွက် ဆိုင်ဆိုင်မဆိုင်ဆိုင် တွေ့သမျှကချင်မဟုတ်သူတွေကို ရိုက်သတ်မီးရှို့လုပ်မနေကြပါလား

အံ့သြတယ် အံ့သြတယ်
ဒီလောက်ပူဆွေးဝမ်းနည်းနေရချိန် ကချင်လူငယ်လေးတွေ၊ အဘိုးတွေ မတရားထက်မံသတ်ဖြတ်ခံရ သတင်းကြားကြားချင်း ဘုရားကျောင်းထဲဝင် သတ်ဖြတ်ခဲ့တဲ့ စစ်တပ်တွေရဲ့ အပြစ်တွေလွတ်ပေးဘို့ ဆုတောင်တောင်းပေးလိုက်တဲ့ ကချင်တွေ

အံ့သြတယ် အံ့သြတယ်
ကချင်ပြည်သူတွေ သောင်းချီ လမ်းပေါ်ထွက်အကဲဆတ်တဲ့အချိန်တွေမှာတောင် ကချင်နိင်ငံရေးသမား၊ ပါတီတွေ အခွင့်ကောင်းယူ၊ ဂွင်ဖန်၊ နိင်ငံရေးအမြတ်မထုတ်တတ်ကြဘူး

အံ့သြတယ် အံ့သြတယ်
မြင့်မြတ်တဲ့ သာသနာပိုင်နယ်မြေကို ဒီလောက်မထီမံ့မြင် စော်ကားခံနေရတာတောင် သူတပါးဘုရားကျောင်းကန် ဧရိယာက မြေမှုန့်တစ်မှုံကိုတောင်သွားမထိခဲ့ကြတဲ့ ကချင်တွေ

အံ့သြတယ် အံ့သြတယ်
လက်နက်ရှိတဲ့ KIA တွေ သေဆုံးခဲ့ရတဲ့ ဆရာမလေးတွေကို အကြောင်းပြ နယ်မြေ ရှင်းလင်းရေးတို့၊ ငါ့လူမျိုးထိရင် နာမယ်တို့ဆိုပြီး ကမူးရူးထူး ကိုယ်အရင်သွားတိုက်ဘို့လည်း မစဉ်းစား၊ ပြောတောင်ပြောလိုက်သေးတယ် စစ်သားတွ အခင်းဖြစ်ခဲ့တဲ့ဆရာမလေးတို့
ရွာဖက်ကို သွားဖို့စိတ်တောင်မကူးနဲ့ အမိန့်တဲ့၊ ကိုယ်ကြောင့်စစ်ပြန်ဖြစ်တယ်လို့ မြဝတီမှာ အပြောမခံနိင်ဘူးတဲ့

ငါ့ကိုယ်ငါလည်းအံ့သြတယ်
ဆရာမလေးတို့ရဲ့ နောက်ဆုံးခရီးအတွက် အနီးကပ်ပါဝင်ခွင့်ရခဲ့တာတောင် post တင်ဖို့ သုံးရက်လုံး စကားလုံးရှာမရတဲ့ ငါ့ကိုယ်ငါလည်းအံ့သြတယ်

အံ့သြလို့ မဆုံးနိုင်တဲ့ နောက်ဆုံးအချက်က (ဟိုးဘိုးဘေးလက်ထက်ကတည်းက)
ဘာကြောင့် ငါတို့ဘိုးဘေးကချင်တွေ ပြည်မကဗမာတွေနဲ့ အတူနေဘို့ လက်မှတ်ရေးထိုးခဲ့ကြသလဲဆိုတာ အအံ့သြဆုံးပဲ၊ ဒီထက်ပိုအံ့သြတာက လက်ရှိ KIA တွေက အစိုးရစစ်တပ်နဲ့ ငြိမ်းချမ်းရေးရယူဘို့ စိတ်ရှည်နေတုန်း

မရန်ဂျော်ဂွန်း

0 comments:

Post a Comment