Slideshow Image 2

ခရစ်ယာန်ဘာသာရေး ဆရာများအား ဗမာစစ်တပ်မှခေါ်ယူသတိပေး

မိုးညင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ်းမွန်းကျေးရွာ ခရစ်ယာန် ဓမ္မဆရာများအား KIA တပ်စခန်းများသို့ မသွားကြရန် ခေါ်ယူ ခြိမ်းခြောက် သတိပေး ကြောင်း သိရသည်။

တပ်မ (၆၆)၊ အမှတ် (၆) ခြေမြန်တပ်-ခွဲ (၁)မှ ဗိုလ်ကြီး သော်ဇင်အောင်မှ ယနေ့မွန်းလွဲ ၂း၀၀ နာရီ အချိန်တွင် တပစခန်းသို့ဆင့် ခေါ်ပြီးကြိမ်းမောင်းတားမြစ်ကြောင်း၊ ကက်သလစ်အသင်း တော်မှ ဆရာ (၂) ပါး နှင့် နှစ်ခြင်း အသင်းတော်မှ ဆရာ (၅) ပါးသွားတွေ့ကြောင်း ဓမ္မဆရာများမှ ပြောကြားရာတွင် “ကျွန်တော်တို့က ယံကြည်သူအသင်းသားများ ခေါ်ရင်ဘယ်နေရာမဆိုသွား ရမည့်တာဝန် ရှိကြောင်း၊ ရန်သူ၊ မိတ်ဆွေမခွဲခြားပဲ အသင်းသားများ ရဲ့ဝိညာဉ်ရေးရာ ကိုသာဦးဆောင်သူများဖြစ်ကြောင်း” ပြောပြသော်လည်း လက်မခံပဲ ခြိမ်းခြောက် တားမြစ်ကြောင်း မိနစ် (၄၀) ခန့် ကြာအောင် သတိပေးကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment